Good Coding Habit ဘယ်လိုလေ့ကျင့်ရမလဲ - Beginner Python Developer Guide

Mon May 26 2025 3 mins read


Coding ကို စတင်လေ့လာမယ်ဆိုရင် ရေရှည်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိထားဖို့ လိုအပ်ပါမယ်။ Developer အဖြစ် ရပ်တည်ဖို့ဖြစ်စေ၊ Side Project တခုလုပ်ကိုင်ဖို့ဖြစ်စေ၊ ဒါမှမဟုတ် Skill အသစ်တခု လေ့လာဖို့ဖြစ်စေ၊ ဒီအလေ့အကျင့်ကောင်းတွေကို လိုက်နာခြင်းအားဖြင့် ပိုပြီး အလုပ်တွင်စေမှာဖြစ်သလို ပိုပြီးအောင်မြင်စေနိုင်မှာဖြစ်ပါတယ်။

ဒီဆောင်းပါးက Python လေ့လာနေသူတွေအတွက် ရည်ရွယ်ပေမယ့် Development လမ်းကြောင်းကို စတင်လျှောက်လှမ်းသူတွေအားလုံးအတွက်လည်း အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

၁။ နေ့စဉ် ကုဒ်ရေးဖို့ လိုအပ်ပါတယ်။

Programming တခုခုကို စတင်လေ့လာတဲ့အခါ စိတ်ပါဝင်စားပြီး အာရုံစူးစိုက်နိုင်ဖို့လိုအပ်ပါတယ်။ နေ့စဉ် ကုဒ်ရေးတဲ့အခါ ပရောဂျက် အပြည့်အစုံ အစအဆုံးရေးသားဖို့ မလိုအပ်ပါဘူး။ Coding Exercise လေးတွေ၊ Challenge လေးတွေ စသည်ဖြင့် Small Script လေးတွေကို ရေးသားပေးဖို့လိုအပ်ပါတယ်။ နေ့စဉ် မိနစ် ၃၀ နီးပါး ပဲ ရေးသားပေးပါ။ အချိန်ကြာလာတာနဲ့အမျှ မိတ်ဆွေရဲ့ Coding Skill တွေ တဖြည်းဖြည်း တိုးတတ်လာတာကို တွေ့မြင်ရမှာပါ။

၂။ Comment တွေရေးဖို့ မမေ့ပါနဲ့

"ဒီ Function ရဲ့အလုပ်လုပ်ပုံကို မှတ်မိပါတယ်လေ" လို့ ကုဒ်စရေးရေးချင်းမှာ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ ကိုယ်ရေးခဲ့တဲ့ ကုဒ်တွေကို ပြန်သတိရဖို့ ခက်ခဲလာနိုင်ပါတယ်။ Comment တွေ၊ Document တွေ ကိုရေးသားခြင်းက နောင်တစ်ချိန် ကုဒ်ကို ပြန်ဖတ်တဲ့အခါ အချိန်ကုန်သက်သာစေပါလိမ့်မယ်။ ဒီအချက်ဟာ Developer တိုင်း မလုပ်မဖြစ် လုပ်သင့်တဲ့ အလေ့ကျင့်ကောင်းတခုဆိုလည်း မမှားပါဘူး။

၃။ စံရေးထုံးစနစ်တွေကို လိုက်နာပါ

Python Developer တိုင်း လိုက်နာသင့်တဲ့ Style Guide တစ်ခုက PEP 8 ပါ။ တခြားသော Language တွေမှာလည်း သက်ဆိုင်ရာ စံရေးထုံးစနစ်တွေ ရှိပါတယ်။ ဥပမာ၊ Javascript မှာဆိုရင် Airbnb Javascript Style Guide လိုမျိုး ရှိပါတယ်။ ဒီလင့်ခ်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကုဒ်တွေကို သေချာရေးသားထားခြင်းက မိမိရော၊ အခြား Developer တွေပါ ပိုလွယ်ကူစွာ ဖတ်ရှုနားလည်နိုင်စေပါတယ်။ PEP8 ရေးထုံးတွေအတွက် Flake8 တို့၊ pylint တို့လို Tool တွေကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ (JavaScript မှာဆိုရင် ESLint လိုမျိုး Tool တွေ ရှိပါတယ်။)

၄။ Problem တွေကို Breakdown ခွဲထုတ်ပါ

ကုဒ်ရေးတယ်ဆိုတာ Problem တွေ၊ (Requirement တွေ) ကို ဖြေရှင်းဖို့ပါပဲ။ ဒါကြောင့် ကုဒ်မရေးခင် မိမိဖြေရှင်းမယ့် Problem ကို ပိုပြီး သေးငယ်သွားအောင် Breakdown လုပ် ခွဲထုတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါဟာ Logically ဖြေရှင်းနိုင်မယ့် Strategy တွေကို အလွယ်ကူဆုံး ရရှိနိုင်စေမှာဖြစ်ပါတယ်။

၅။ ကုဒ်တွေကို အမြဲ Test လုပ်ပါ

Testing ဆိုတာ Developer တိုင်းလိုက်နာသင့်တဲ့ အလေ့အကျင့်တခုဖြစ်ပါတယ်။ Test Case တွေ ရေးသားခြင်းက မထင်မှတ်ထားတဲ့ Bug တွေကို လျော့ချပေးနိုင်ပါတယ်။ Python မှာဆိုရင် pytest လိုမျိုး Tool တွေ ရှိပါတယ်။ (JavaScript မှာ ဆိုရင် Jest တို့၊ Mocha တို့ရှိပါတယ်။) Function တခုချင်းစီအတွက် Unit Test လေးတွေက စရေးပါ။ အဲဒီကတဆင့် Test ရေးတဲ့ အလေ့အထကို တဖြည်းဖြည်း လေ့ကျင့်ယူသွားသင့်ပါတယ်။

၆။ Version Control တွေအကြောင်းကို လေ့လာပါ

Git လိုမျိုး Version Control နည်းပညာတွေဟာ Developer တိုင်းအတွက် အရေးပါပါတယ်။ Version Control တွေက ကုဒ်ရေးတဲ့အခါတိုင်း ဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ရှုပ်စရာပြဿနာလေးတွေကို ပြေလည်စေနိုင်ပါတယ်။ Git ကိုအသုံးပြုခြင်းဖြင့် ကုဒ်အပြောင်းအလဲတွေကို သိမ်းဆည်း မှတ်သားပေးနိုင်သလို၊ Team Collaboration ရော၊ မိမိကိုယ်တိုင်ရော ကုဒ်ကိုပြန်ကြည့်တဲ့အခါမှာ လွယ်ကူချောမွေစေနိုင်မှာဖြစ်ပါတယ်။

၇။ ကုဒ်တွေကို Refactor လုပ်ပါ။

Beginner တယောက်အနေနဲ့ ပထမဆုံး ရေးသားထားတဲ့ကုဒ်တွေဟာ တိကျသေသပ်မှာ မဟုတ်သေးပါဘူး။ Refactor လုပ်တယ်ဆိုတာ ကုဒ်တွေရဲ့ Functionality ကို မထိခိုက်ဘဲ ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်ခြင်းဖြစ်ပါတယ်။ Refactor လုပ်ခြင်းက မိမိရဲ့ Code Quality ကို မြှင့်တင်ပေးနိုင်ပါတယ်။ ရေးပြီးသားကုဒ်တွေကို ပြန်ဖတ်ပါ၊ ဘယ်နေရာမှာ ဘယ်လိုပြင်လိုက်ရင် ပိုပြီးကောင်းမွန်သွားနိုင်မလဲ စဉ်းစားဆုံးဖြတ်ပါ။

၈။ တခြားသူရေးထားတဲ့ကုဒ်တွေကို ဖတ်ပါ

ကုဒ်ရေးတာက အရေးပါသလို ကုဒ်ဖတ်ရှုတာလည်း အရေးကြီးပါတယ်။ Open-source ပရောဂျက်တွေ၊ တခြား Developer တွေ ရေးသားထားတဲ့ ကုဒ်တွေကို ဖတ်ရှုခြင်းက နည်းလမ်းအသစ်တွေ၊ ပိုကောင်းမွန်တဲ့ စဉ်းစားတွေးခေါ်နည်းတွေကို ရရှိစေပါတယ်။ မိမိကုဒ်အရေးအသွေးကို မြင့်တတ်လာစေမှာဖြစ်ပါတယ်။ Github ပေါ်က Beginner Project တွေကို ရှာပါ။ နားလည်နိုင်သလောက်ဖတ်ရှုလေ့လာပါ။ ကျနော်ရဲ့ Code with Thura ပေ့ချ်မှာလည်း Beginner Project လေးတွေကို တင်ထားပေးပါတယ်။ ဖတ်ရှုလေ့လာနိုင်ပါတယ်။

၉။ အကြံပြုချက်တွေ ရယူပါ

မိမိအပေါ် အကြံပြုချက်တွေကို အမြဲရယူနိုင်ဖို့ လိုအပ်ပါတယ်။ အကြုပြုချက်တွေဆိုတာ မိမိကိုယ်ကို ပြင်ဆင်တိုးတတ်နိုင်မယ့် အကောင်းဆုံးအရာတွေဖြစ်ပါတယ်။ မိမိနဲ့ ရင်းနှီးသူတွေဆီကဖြစ်စေ၊ Online Community တွေ၊ Group တွေကဖြစ်စေ၊ မိမိရဲ့ Project တွေကို ပြသပြီး အကြံဉာဏ်တွေကို တောင်းဆိုသင့်ပါတယ်။

၁၀။ အမြဲမပြတ် ဆက်ပြီး လေ့လာပါ

နည်းပညာတွေဟာ တစ်ရက်ထက် တစ်ရက် တိုးတတက်ပြောင်းလဲနေတာဖြစ်ပါတယ်။ နည်းပညာအသစ်တွေ၊ Language အသစ်တွေ၊ Tool တွေ၊ Libraries တွေကို အမြဲမပြတ် သိရှိနားလည်နေဖို့ လိုအပ်ပါတယ်။ အွန်လိုင်းဘလော့တွေ၊ Course တွေကို အဆက်မပြတ် ဖတ်ရှုလေ့လာသင့်ပါတယ်။

နည်းပညာနဲ့ ပတ်သတ်တဲ့ Community တွေ၊ Page တွေ ကို Follow လုပ်ထားခြင်းကလည်း ပြောင်းလဲနေတဲ့ နည်းပညာတွေကို အချိန်နဲ့အမျှ သိရှိနေနိုင်မှာပါ။ Code With Thura ပေ့ချ်လေးမှာလည်း နည်းပညာနဲ့ ပတ်သတ်တဲ့ Knowledge တွေကို အဆက်မပြတ် ရေးသားပေးနေပါတယ်။

ခြေလှမ်းသေးသေးလေးကနေ 10x Developer တစ်ယောက်ဖြစ်ဖို့ အမြဲအပျက် လေ့လာနေဖို့လိုအပ်ပါတယ်။

Let all you guys be 10x developers. 💪

#CodeWithThura


0

Comments