CSS Web Development Essentials Course

CSS ရဲ့ အခြေခံသဘောတရားတွေကနေတဆင့် ဝဘ်ဆိုက်တစ်ခုလုံးကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့အထိ လက်တွေ့ကျကျ သင်ကြားပေးသွားမယ့် Course ပါ။ Web Development လောကထဲကို ဝင်ရောက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

7 hours
19 lessons
BEGINNER
CSS Web Development Essentials Course

Overview

ဒီ "Web Development Essentials - CSS Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် အကောင်းဆုံးအခြေခံကို တည်ဆောက်ပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ Website တွေကို အမြင်ဆွဲဆောင်မှုရှိအောင် အလှဆင်ပေးမယ့် CSS တို့ရဲ့ အခြေခံအကျဆုံးသဘောတရားတွေကနေစလို့ Website တစ်ခုလုံးကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့အထိ လိုအပ်တဲ့ နည်းပညာတွေကို သေသေချာချာနဲ့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။

Module Details

🎨 Module 2: CSS (Design and Layout)

🚀 Web Development လောကထဲ ဝင်ဖို့ စိတ်ကူးနေပြီလား။


Web Development ကို စတင်လေ့လာတော့မယ်ဆိုရင် ဘယ်ကနေစရမှန်းမသိတာ၊ ရှုပ်ထွေးတဲ့ နည်းပညာတွေကြားထဲမှာ လမ်းပျောက်နေတာမျိုး ဖြစ်ဖူးလား။ ဒါမှမဟုတ် လေ့လာရင်းနဲ့ မေးစရာရှိလာရင် ဘယ်သူ့ကိုမေးရမှန်းမသိ၊ အားပေးကူညီမယ့်သူ မရှိတာမျိုးနဲ့ ကြုံနေရပြီလား။ ဒီလို အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် Web Development လောကထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်နိုင်ဖို့အတွက် "Web Development Essentials - CSS Course" ကို ဖန်တီးလိုက်ပါပြီ။


ဒီ "Web Development Essentials - CSS Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် အကောင်းဆုံးအခြေခံကို တည်ဆောက်ပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ Website တွေကို အမြင်ဆွဲဆောင်မှုရှိအောင် အလှဆင်ပေးမယ့် CSS တို့ရဲ့ အခြေခံအကျဆုံးသဘောတရားတွေကနေစလို့ Website တစ်ခုလုံးကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့အထိ လိုအပ်တဲ့ နည်းပညာတွေကို သေသေချာချာနဲ့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lessons တွေအပြင် Private Group မှာ နေ့စဉ်ဆွေးနွေးမှုတွေ၊ Discussion Chat နဲ့ Support တွေပါ ပါဝင်တာကြောင့် တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ခံစားချက်မျိုး မရှိဘဲ ပံ့ပိုးမှုအပြည့်နဲ့ သင်ယူနိုင်မှာပါ။

🎯ဘယ်သူတွေအတွက်လဲ။

ဒီ Course ဟာ နည်းပညာအခြေခံမရှိသေးတဲ့ လုံးဝ Beginner တွေ၊ Web Development ကို စိတ်ဝင်စားပြီး ကိုယ်တိုင် Website တွေ ဖန်တီးချင်သူတွေ၊ နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကိုယ့်ရဲ့ Skill ကို မြှင့်တင်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

📚ဘာတွေသင်ယူရမလဲ။

ဒီ Course မှာ CSS ရဲ့ အခြေခံကနေ အဆင့်မြင့်အထိ ပြည့်ပြည့်စုံစုံ သင်ကြားပေးမှာပါ။

  • CSS Introduction: CSS ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလဲဆိုတာကနေ စတင်ပါမယ်။

  • Basic Selectors: Website အစိတ်အပိုင်းတွေကို ဘယ်လိုရွေးချယ်ပြီး အလှဆင်မလဲဆိုတာကို အခြေခံ Selector တွေနဲ့ လေ့လာရပါမယ်။

  • Advanced Selectors: ပိုမိုရှုပ်ထွေးတဲ့ Website အစိတ်အပိုင်းတွေကို ဘယ်လိုရွေးချယ်ပြီး အလှဆင်မလဲဆိုတာကို ပိုပြီးအဆင့်မြင့်တဲ့ Selector တွေနဲ့ သင်ယူရပါမယ်။

  • Units: Absolute Units (px, pt) နဲ့ Relative Units (em, rem, %, vw, vh) တွေကို ဘယ်နေရာတွေမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Text and Fonts: စာသားတွေရဲ့ ပုံစံ၊ အရွယ်အစား၊ အရောင်နဲ့ ဖောင့်အမျိုးအစားတွေကို ဘယ်လိုပြောင်းလဲအလှဆင်ရမလဲဆိုတာကို လေ့လာရပါမယ်။

  • Colors: Website မှာ အရောင်တွေကို ဘယ်လိုထည့်သွင်းအသုံးပြုမလဲဆိုတာကို သင်ယူရပါမယ်။

  • Background: Website ရဲ့ Background တွေကို ဘယ်လိုထည့်သွင်းအလှဆင်ရမလဲဆိုတာကို သင်ကြားပေးပါမယ်။

  • Positioning Elements: Website ထဲက အစိတ်အပိုင်းတွေကို ကိုယ်လိုချင်တဲ့နေရာမှာ ဘယ်လိုနေရာချမလဲဆိုတာ (Relative, Absolute, Fixed) နဲ့ Z Index အကြောင်းကို အသေးစိတ် လေ့လာရပါမယ်။

  • Box Model: Website အစိတ်အပိုင်းတိုင်းမှာ ရှိတဲ့ Margin, Border, Padding တွေရဲ့ သဘောတရားနဲ့ အသုံးပြုပုံတွေကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Flexbox: Responsive Website တွေ တည်ဆောက်ရာမှာ အရေးပါတဲ့ Flexbox စနစ်ကို လေ့လာရပါမယ်။

  • Grid: ပိုမိုရှုပ်ထွေးတဲ့ Website Layout တွေကို စနစ်ကျစွာ ဖန်တီးနိုင်မယ့် Grid စနစ်ကို သင်ယူရပါမယ်။

  • Transitions and Animations: Website ကို အမြင်ဆွဲဆောင်မှုရှိစေမယ့် Animation တွေ၊ Transition တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကို သင်ကြားပေးပါမယ်။

  • Responsive Design: မတူညီတဲ့ Screen Size တွေ (ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ) အားလုံးမှာ Website ကို လှပစွာ မြင်တွေ့ရစေမယ့် Media Queries နဲ့ Mobile-First Design နည်းစနစ်တွေကို သင်ယူရပါမယ်။

💻Projects

သင်ယူခဲ့တဲ့ Knowledge တွေကို လက်တွေ့အသုံးချနိုင်ဖို့ Portfolio Website နဲ့ Shopping Website Project တွေလည်း လုပ်ဆောင်ရမှာဖြစ်လို့ သင်ယူမှုပြီးဆုံးချိန်မှာ လက်တွေ့ကျတဲ့ Website တွေကို ဖန်တီးနိုင်မှာပါ။

🧠ဘယ်လိုသင်ယူရမလဲ။

သင်တန်းကို Pre-recorded Video တွေ နဲ့ သင်ကြားပေးသွားမှာ ဖြစ်လို့ ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးစရာရှိတာ၊ ဆွေးနွေးချင်တာတွေအတွက် Private Group မှာ နေ့စဉ် Post တွေ တင်ပြီး ဆွေးနွေးပေးသွားမှာဖြစ်သလို၊ Discussion Chat Group မှာလည်း အချိန်မရွေး မေးမြန်းဆွေးနွေး အကူအညီရယူနိုင်ပါတယ်။ သင်ယူနေစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ဘက်က အမြဲတမ်း Support ပေးသွားမှာပါ

🏆ဘယ်လိုရလာဒ်တွေ ရရှိမလဲ။

ဒီ Course ပြီးဆုံးသွားရင် သင်ဟာ HTML နဲ့ CSS ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကိုယ်ပိုင် Website တွေကို အခြေခံကျကျ တည်ဆောက်နိုင်မှာဖြစ်ပြီး Web Development နယ်ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ နည်းပညာတွေကို ဆက်လက်လေ့လာဖို့ ခိုင်မာတဲ့ အခြေခံတစ်ခုကို ရရှိသွားပါလိမ့်မယ်။ ဒါ့အပြင် သင်ယူထားတဲ့ Knowledge တွေနဲ့ ကိုယ့်ရဲ့ အနာဂတ် Career အတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မှာပါ။


🔥 သင်ယူမှုခရီးလမ်းကို စတင်ဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ။

Coming Soon
Enrollment Soon

Feel confident, and gain industry-relevant skills to advance your career.

Lifetime access
19 in-depth lessons
Community support

Meet Your Instructor

TH

Thura

ပညာရေးနယ်ပယ်နှင့် နည်းပညာလုပ်ငန်း နယ်ပယ်နှစ်ခုလုံးတွင် လုပ်ကိုင်နေသော IT အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ IT အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် Development နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းအတွေ့အကြုံ လေးနှစ်ကျော်ရှိခဲ့ပြီးနောက် ‘Code with Thura’ ကို စတင်ခဲ့သည်။ လက်ရှိတွင် နည်းပညာနယ်ပယ်၌ Researcher တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး Development Project များ၊ သင်ကြားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။