0 to Programmer: Step-by-Step Python Journey

Programming ကို စတင်လေ့လာချင်သူတွေ၊ Programmer တစ်ယောက် ဖြစ်ဖို့ ရည်မှန်းထားသူတွေနဲ့ Programming ကို ဘယ်ကနေ ဘယ်လိုစရမှန်း မသိဘဲ ဖြစ်နေသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဒါဟာ သင်တန်းသက်သက် မဟုတ်ပါဘူး။ မိတ်ဆွေအတွက် လမ်းပြပေးမယ့်၊ ပံ့ပိုးပေးမယ့် Support System တစ်ခုပါ။

8 weeks
N/A
BEGINNER
0 to Programmer: Step-by-Step Python Journey

Overview

Programming ကို တစ်ယောက်တည်း လေ့လာရတာ အချိန်ကုန်ပြီး ထိရောက်မှုမရှိဘူးလို့ ခံစားနေရသူတွေအတွက် စနစ်တကျ လမ်းညွှန်မှုနဲ့ အခြေခံကနေစပြီး တစ်ဆင့်ချင်းစီ အတူတကွ လေ့လာသွားနိုင်မယ့် Mentorship-based System တစ်ခုပါ။ ဒီ Group မှာ Python ကို အခြေခံကစလို့ တစ်ပတ်ချင်း၊ Chapter အလိုက် စနစ်တကျ လေ့လာသွားရမှာပါ။ သင်ခန်းစာတွေအပြင် လက်တွေ့ နမူနာကုဒ်တွေ၊ Challenge တွေနဲ့ Project တွေလည်း ပါဝင်မှာပါ။ နားမလည်တာတွေ၊ အခက်အခဲရှိတာတွေအတွက်လည်း အနီးကပ် မေးမြန်းနိုင်မယ့် Learning Support တွေ၊ Discussion တွေ ပါဝင်ပါမယ်။ ဒါကြောင့် တစ်ယောက်တည်း ရုန်းကန်နေစရာ မလိုဘဲ အားလုံး အတူတကွ လေ့လာနိုင်မယ့် Learning Environment တစ်ခုကို သေချာပေါက် ရရှိမှာပါ။

Module Details

🤯 Programming လောကထဲ ဝင်ချင်ပေမယ့် ဘယ်ကစရမှန်းမသိ၊ သင်ခန်းစာတွေ များပြီး ရှုပ်ထွေးနေလို့ စိတ်ဓာတ်ကျနေပြီလား။

ဒါဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာစရာတွေ များတာ၊ လမ်းညွှန်မှု မရှိတာ၊ စိတ်ဓာတ်ကျလွယ်တာ၊ လက်တွေ့နဲ့ မကိုက်ညီတာတွေကြောင့်ပါ။


Programming ကို

🔹ဘယ်နေရာက စရမလဲ?

🔹ဘယ်လိုလေ့လာရမလဲ?

🔹ဘယ်သူ့ကို မေးမြန်းရမလဲ?

စတဲ့ အတွေးတွေနဲ့

တစ်ယောက်တည်း လေ့လာပြီး အချိန်ကုန်၊ ထိရောက်မှုမရှိ ဖြစ်နေသူတွေအတွက် "0 to Programmer: Step-by-Step Python Journey" Learning Program အသစ်တစ်ခုကို မိတ်ဆက်ပေးပါရစေ။


တကယ်တော့ ဒါက သင်တန်းသက်သက်မဟုတ်ပါဘူး။ သမရိုးကျ Course တွေထက် အများကြီး ပိုပါတယ်။


စနစ်တကျ လမ်းညွှန်မှုနဲ့ အခြေခံကနေစပြီး တစ်ဆင့်ချင်းစီ အတူတကွ လေ့လာသွားနိုင်မယ့် Mentorship-based System တစ်ခုလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။


ဒီ Program မှာ

Python ကို အခြေခံကစလို့ အပတ်စဉ်

➣ Chapter အလိုက် စနစ်တကျ လေ့လာသွားရမှာပါ။

➣ သင်ခန်းစာတွေအပြင် လက်တွေ့ နမူနာကုဒ်တွေ၊

➣ Challenge တွေနဲ့ Project တွေလည်း ပါဝင်မှာပါ။


ဒါကြောင့် တစ်ယောက်တည်း ရုန်းကန်နေစရာ မလိုဘဲ အားလုံး အတူတကွ လေ့လာနိုင်မယ့် Learning Environment တစ်ခုကို သေချာပေါက် ရရှိမှာပါ။

💡ဒီ Program က ဘယ်သူတွေအတွက်လဲ

🔹Programming လေ့လာချင်ပေမယ့် ခက်ခဲနက်နဲတယ်လို့ ထင်နေသူတွေ။

🔹Python ကို စလုံးရေစကနေ လေ့လာချင်သူတွေ။

🔹ဘယ်ကနေ ဘယ်လိုစရမှန်း မသိဘဲ ဖြစ်နေသူတွေ။

🔹တစ်ယောက်တည်း လေ့လာပြီး ထိရောက်မှုမရှိ ဖြစ်နေသူတွေ၊

🔹တိုက်ရိုက်လမ်းညွှန်ပေးမှုနဲ့ အထောက်အပံ့ပေးတဲ့ ပတ်ဝန်းကျင်နဲ့ Mentorship ကို လိုအပ်နေသူတွေ။

🔹ကိုယ့်ကိုယ်ကိုယ် အချိန်ပေးရင်း အရေးပါတဲ့ Skill အသစ်တစ်ခုကို လေ့လာချင်သူတွေ။

🧠 ဘယ်လိုလေ့လာရမှာလဲ

အပတ်စဉ် Chapter အလိုက် လေ့လာပါမယ်

ရက်သတ္တပတ်ရဲ့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်းမှာ Code with Thura ကနေ မကြာခင်ထွက်တော့မယ့် "0 to Programmer: Step-by-Step Python Journey" Exclusive Workbook ရဲ့ Chapter အသစ်တွေကို Telegram မှာ PDF စာဖိုင်အဖြစ် ပေးပို့ပေးမှာပါ။ ဒီလို အပိုင်းလိုက်ခွဲပြီး ပို့ပေးတာကြောင့် သင်ယူသူတွေအနေနဲ့ သင်ခန်းစာတစ်ခုချင်းကို နားလည်အောင် သင်ယူဖို့ အချိန်ရစေပါတယ်။


Comprehensive Resource တွေ

Chapter တိုင်းမှာ လွယ်ကူရိုးရှင်းတဲ့ ရှင်းလင်းချက်တွေ၊ လက်တွေ့ Code ဥပမာတွေ၊ Challenge တွေနဲ့ စိတ်ဝင်စားစရာ Project တွေ ပါဝင်ပါတယ်။ (!!ရှုပ်ထွေးတဲ့ တချို့အပိုင်းတွေအတွက်သာ ဗီဒီယိုရှင်းလင်းချက်တွေကို ထည့်သွင်းပေးထားပါတယ်။!!)


သီးသန့် အမေးအဖြေ Session တွေ

သင်သိချင်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ သင်ခန်းစာတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့နဲ့ မေးခွန်းတွေကို ဖြေရှင်းနိုင်ဖို့ Q&A session တွေပါဝင်ပါတယ်။


Project-Based Support

သီအိုရီကိုပဲ လေ့လာနေရုံနဲ့ မပြီးပါဘူး။ လက်တွေ့ Project တွေ ကိုယ်တိုင်ရေးဆွဲရပါမယ်။ ဒီအတွက်လည်း အသေးစိတ် စနစ်တကျ ကူညီပံ့ပိုးပေးမှာပါ။


Supportive Discussion

တခြားလေ့လာသူတွေနဲ့ ချိတ်ဆက်ပြီး အတွေ့အကြုံကောင်းတွေ ဖလှယ်နိုင်ပါမယ်။ အချင်းချင်း အပြန်အလှန် ကူညီရင်း ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို သေချာပေါက် ရရှိစေမှာပါ။

🔥 ဘယ်လို အကျိုးရလာဒ်တွေရမလဲ

✨ Programming အတွေ့အကြုံ မရှိသေးသူကနေ ကိုယ်တိုင် Python Program တွေ ရေးသားနိုင်တဲ့အထိ ပြောင်းလဲသွားမယ်။

✨ လက်တွေ့ Project တွေကို ရေးဆွဲရင်း သင်ယူရမှာဖြစ်လို့ သင့်ရဲ့ လက်တွေ့စွမ်းရည်တွေ ပိုမိုတိုးတက်လာပါမယ်။

✨ Programmers တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို တိုးတက်လာစေမယ်။

✨ "0 to Programmer: Step-by-Step Python Journey" Workbook ကို Chapter အလိုက် လေ့လာရမှာဖြစ်လို့ ဒီစာအုပ်ကို ပထမဆုံး ဖတ်ရှုခွင့် ရသူတွေထဲမှာ သင်ပါဝင်မှာပါ။

✨ Program ပြီးဆုံးတဲ့အခါ သင်ဟာ Workbook ရဲ့ PDF အပြည့်အစုံ၊ နမူနာ Code Snippet Repo နဲ့ လေ့ကျင့်ခန်း Solution တွေ အားလုံး ကို ရရှိမှာဖြစ်လို့ နောင်တစ်ချိန်မှာ ပြန်လည်လေ့လာဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

✨ Supportive Environment - သင်ယူမှုနဲ့ တိုးတက်မှုကို အားပေးတဲ့ အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လေ့လာသွားရမှာပါ။

"0 to Programmer" ရဲ့ ထူးခြားချက်တွေက ဘာတွေလဲ။

ဒီ Program က ရိုးရိုး Online သင်တန်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ထူးခြားချက်တွေကတော့:

  • သမရိုးကျ ဗီဒီယိုသင်ရိုးတွေကနေ ဖောက်ထွက်ပြီး ကိုယ်တိုင်လေ့လာသင်ယူမှုစနစ်ကို အခြေခံထားတဲ့ Program ဖြစ်ပါတယ်။ သင့်ရဲ့ မေးခွန်းတွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တိုက်ရိုက်ကူညီဖြေရှင်းပေးတာပါ။

  • Beginner တွေအတွက် အထူးရေးသားထားတဲ့ Workbook အသစ်ကနေ အပိုင်းလိုက် သင်ယူရမှာပါ။ ဒါကြောင့် အချက်အလက်တွေ များပြီး စိတ်ရှုပ်ထွေးစရာ မလိုပါဘူး။

  • တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း Chapter အသစ်တွေရဲ့ PDF စာဖိုင်ကို တင်ပေးမှာကြောင့် စိတ်ဓာတ်မကျဘဲ တစ်ဆင့်ချင်း ပုံမှန် လေ့လာသွားနိုင်ပါလိမ့်မယ်။

  • သင်ခန်းစာတွေအပြင် သီးသန့် Q&A၊ Project Support နဲ့ Learning Discussion တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဘယ်လိုအခက်အခဲ ကြုံလာကြုံလာ သင်တစ်ယောက်တည်း ရုန်းကန်နေရမှာ မဟုတ်ပါဘူး။

  • ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Programming ရဲ့ အခြေခံ သဘောတရားတွေကို သင်ကြားပေးရုံတင် မဟုတ်ဘဲ Programmer တစ်ယောက်ရဲ့ စိတ်ဓာတ်ကိုပါ မြှင့်တင်ပေးပြီး လက်တွေ့ကမ္ဘာမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး Resource တွေကို ပေးစွမ်းဖို့ပါပဲ။

မေးလေ့ရှိတဲ့ မေးခွန်းများ (FAQ)

Q: Programming အတွေ့အကြုံ လုံးဝမရှိပါဘူး။ ကျွန်တော့်အတွက် သင့်တော်ပါ့မလား။

A: ဟုတ်ကဲ့၊ လုံးဝသင့်တော်ပါတယ်။ ဒီ Program ကို Programming လုံးဝနားမလည်တဲ့သူတွေအတွက် အစကနေ အဆုံးထိ ဒီဇိုင်းထုတ်ထားတာပါ။


Q: တစ်ပတ်ကို အချိန်ဘယ်လောက်ပေးရမလဲ။

A: သင်ယူမှုနှုန်းချင်း မတူညီနိုင်ပေမယ့် တစ်ပတ်ကို အနည်းဆုံး ၃-၅ နာရီလောက် အချိန်ပေးပြီး သင်ခန်းစာတွေကို လေ့လာဖို့၊ လေ့ကျင့်ခန်းတွေ လုပ်ဖို့နဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ အကြံပြုလိုပါတယ်။


Q: သင်ခန်းစာတစ်ခုခု ဒါမှမဟုတ် လေ့ကျင့်ခန်းတစ်ခုခုကို နားမလည်ရင် ဘယ်လိုလုပ်ရမလဲ။

A: အဲဒီအတွက် သီးသန့် Q&A session တွေနဲ့ Discussion တွေ ရှိပါတယ်။ မေးခွန်းတွေ မေးနိုင်ပြီး Mentor နဲ့ တခြားလေ့လာသူတွေရဲ့ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပါမယ်။


Q: Program လေ့လာဖို့ ဘာ Software တွေ ဒါမှမဟုတ် Hardware တွေ လိုအပ်လဲ။

A: အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်လုံးပဲ လိုအပ်ပါတယ်။ Python ရေးသားဖို့ လိုအပ်တဲ့ Free Software တွေကို ဘယ်လို ထည့်သွင်းရမယ်ဆိုတာကို လမ်းညွှန်ပေးမှာပါ။


Q: စာအုပ်အပြည့်အစုံ၊ Code Library နဲ့ Solution တွေကို ဘယ်အချိန်မှာ ရရှိမှာလဲ။

A: ဒီ Resource တွေကို သက်ဆိုင်ရာ သင်ခန်းစာတိုင်းမှာ ရရှိနိုင်မှာဖြစ်ပြီး Program ပြီးဆုံးတဲ့အခါမှာလဲ ပြည့်စုံတဲ့ Toolkit တစ်ခုအဖြစ် အခမဲ့ ရရှိနိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ ဒီ Program နဲ့ ပတ်သတ်ပြီး ပြည့်ပြည့်စုံစုံနားလည်သွားမယ်လို ထင်ပါတယ်။

📌 ဒီ Program ဟာ Exclusive Environment ဖြစ်တာမို့ လူဉီးရေ ကန့်သတ်ထားပါတယ်။ ဒါကြောင့် အမြန်ဆုံး ဝင်ရောက်ထားမှ အခွင့်အရေးတွေ ရရှိပါလိမ့်မယ်။


🌟 Program Information 🌟

🔜 Start Date - 21.7.2025

📆 Class - Mon, Wed & Fri

⏱️ Time - 7:00 PM

💰 Price - 30,000 MMK


📄 Course Outline

Part I: Introduction to Programming

Chapter 1. Introduction

Chapter 2. Getting Started

Chapter 3. Introduction to Programming

Chapter 4. Functions

Chapter 5. Containers

Chapter 6. String Manipulation

Chapter 7. Loops

Chapter 8. Modules

Chapter 9. Files

Chapter 10. Bringing It All Together

Part II: Introduction to Object-Oriented Programming

Chapter 12. Programming Paradigms

Chapter 13. The Four Pillars of Object-Oriented Programming

Chapter 14. More Object-Oriented Programming

Chapter 15. Bringing It All Together

Chapter #. Package Managers

Chapter #. Version Control

Chapter #. Network Programming

Chapter #. Bringing It All Together

30,000 MMK
Purchase Now

Feel confident, and gain industry-relevant skills to advance your career.

Lifetime access
in-depth lessons
Community support

Meet Your Instructor

TH

Thura

ပညာရေးနယ်ပယ်နှင့် နည်းပညာလုပ်ငန်း နယ်ပယ်နှစ်ခုလုံးတွင် လုပ်ကိုင်နေသော IT အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ IT အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် Development နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းအတွေ့အကြုံ လေးနှစ်ကျော်ရှိခဲ့ပြီးနောက် ‘Code with Thura’ ကို စတင်ခဲ့သည်။ လက်ရှိတွင် နည်းပညာနယ်ပယ်၌ Researcher တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး Development Project များ၊ သင်ကြားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။