Data Structure for Beginner  (မြန်မာဘာသာ)

Data Structure for Beginner (မြန်မာဘာသာ)

Data Structure for Beginner က Data Structure သဘောတရားတွေကို အခြေခံကနေစပြီး နားလည်နိုင်စေဖို့ လက်တွေ့ကျကျ လမ်းညွှန်ပေးမယ့် eBook ပါ။ မြန်မာဘာသာဖြင့် ရိုးရှင်းလွယ်ကူစွာ ရေးသားထားပြီး Computer Science လောကထဲကို ဝင်ရောက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

BOOK

15,000 MMK

Purchase Now

Overview

Data Structure for Beginner က Data Structure ကို နားလည်နိုင်ဖို့ အခြေခံကနေစပြီး လမ်းညွှန်ပေးမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ နည်းပညာကျောင်းသားတစ်ယောက်ဖြစ်စေ၊ အင်တာဗျူးပြင်ဆင်နေတဲ့ Developer တစ်ယောက်ပဲဖြစ်စေ ဒီ eBook က သင့်အတွက် ခိုင်မာတဲ့ အခြေခံကောင်းတွေရဖို့ အထောက်အကူဖြစ်စေမှာပါ။ ရှင်းလင်းတဲ့ ရှင်းပြချက်တွေနဲ့ လက်တွေ့ဥပမာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Book Details

✅ "Data Structure for Beginner" ဟာ Programming နဲ့ Computer Science ကို စတင်လေ့လာသူတွေအတွက် ရည်ရွယ်ပြီး Algorithm Absolute Beginner’s Guide ဆိုတဲ့ စာအုပ်ကို ဖတ်ရှုလေ့လာသူတွေ အဆင်ပြေအောင် မြန်မာဘာသာနဲ့ ပြင်ဆင်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။


ဒီ eBook မှာ Data Structure ရဲ့ အခြေခံသဘောတရားတွေကို အရှင်းလင်းဆုံး နားလည်အောင် ရေးသားထားပါတယ်။ ရှုပ်ထွေးတဲ့ သင်္ချာဖော်မြူလာတွေ၊ ရှည်လျားတဲ့ theoretical ရှင်းလင်းချက်တွေအစား လက်တွေ့ကျတဲ့ ဥပမာတွေ၊ ရိုးရှင်းတဲ့ ပုံဥပမာတွေနဲ့ပဲ အဓိက သဘောတရားတွေကို နားလည်အောင် ဖန်တီးထားပါတယ်။ Coding ကို စတင်လေ့လာမယ့်သူတွေ၊ Programming အခြေခံကောင်းကောင်းရချင်သူတွေ၊ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားသူတွေ အတွက် အထူးရည်ရွယ်ပါတယ်။ Computer Science ဘာသာရပ်ကို နက်နက်နဲနဲ မလေ့လာဖူးသေးပေမယ့် Programming ကို အခြေခံကနေစပြီး တည်ဆောက်ချင်သူတိုင်းအတွက် အကောင်းဆုံး လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။

📌ပါဝင်သည့် အကြောင်းအရာများ

  • အခန်း (၁) - Data Structure

  • အခန်း (၂) - Big O Complexity

  • အခန်း (၃) – Array များ

  • အခန်း (၄) - Linked List များ

  • အခန်း (၅) - Stack များ

  • အခန်း (၆) - Queue

  • အခန်း (၇) – Tree များ

  • အခန်း (၈) - Binary Tree များ

  • အခန်း (၉) - Binary Search Tree များ

  • အခန်း (၁၀) – Heap များ

  • အခန်း (၁၁) - Hashtable (Hashmap သို့မဟုတ် Dictionary)

  • အခန်း (၁၂) - Trie (သို့မဟုတ် Prefix Tree)

  • အခန်း (၁၃) – Graph များ

🎯ဘယ်သူတွေအတွက်လဲ

  • ကွန်ပျူတာသိပ္ပံ သို့မဟုတ် IT ဘာသာရပ်ကို သင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသားများ

  • အလုပ်အင်တာဗျူး သို့မဟုတ် Coding Challenge တွေအတွက် ပြင်ဆင်နေတဲ့ သူများ

  • Data Structure တွေရဲ့ သဘောတရားကို စတင်လေ့လာလိုသူများ

ဒီစာအုပ်ဟာ တိုက်ရိုက်ဘာသာပြန်ထားတာမျိုး မဟုတ်ပါဘူး။ မြန်မာစာဖတ်သူတွေအတွက် သဘာဝကျပြီး ဆက်စပ်မှုရှိတယ်လို့ ခံစားရစေဖို့ အသုံးအနှုန်းတွေ၊ ဥပမာတွေနဲ့ ယဥ်ကျေးမှုဆိုင်ရာ အကိုးအကားတွေနဲ့ ပြန်လည်ရေးသားထားတာပါ။

ဒီစာအုပ်မှာ Data Structure တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သဘောတရားတင်မကဘဲ၊ လက်တွေ့ကျကျ လေ့ကျင့်နိုင်တဲ့ Code နမူနာတွေ၊ ပုံတွေနဲ့ပါ အသေးစိတ် ရှင်းလင်းဖော်ပြထားပါတယ်။ ဒါကြောင့် သဘောတရားတွေကို နားလည်ရုံသာမက လက်တွေ့အသုံးချနိုင်တဲ့ အရည်အချင်းတွေပါ ရရှိနိုင်မှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Software Developer တွေ၊ နည်းပညာကျောင်းသားတွေနဲ့ အိုင်တီပိုင်းဆိုင်ရာ လေ့လာသူတွေအတွက်လဲ တစ်စုံတရာ အကျိုးရှိလာမယ်လို့ မျှော်လင့်ပါတယ်။

  • Format: PDF

  • စာမျက်နှာ: ၂၀၀ ကျော်

  • ဘာသာစကား: မြန်မာ

  • အဆင့်: Beginner

  • ရေးသားသူ (ဘာသာပြန်): Code with Thura

  • ‌ဈေးနူန်း: 15,000 MMK

နမူနာ ဖတ်ရန် - Download Link