JavaScript Web Development Essentials Course

JavaScript ရဲ့ အခြေခံသဘောတရားတွေကတဆင့် လက်တွေ့ Project တွေအထိ လိုအပ်တဲ့ နည်းပညာတွေကို လက်တွေ့ကျကျ သင်ကြားပေးသွားမယ့် Course တစ်ခုဖြစ်ပါတယ်။ Programming ကို စတင်လေ့လာချင်သူတွေ၊ Web Development လောကထဲကို ဝင်ရောက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

9 mins
N/A
BEGINNER
JavaScript Web Development Essentials Course

Overview

ဒီ "Web Development Essentials - JavaScript Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် အကောင်းဆုံးအခြေခံကို တည်ဆောက်ပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ Website တွေကို အသက်ဝင်လှုပ်ရှားစေမယ့်၊ အပြန်အလှန်ဆက်သွယ်မှုတွေ ဖန်တီးပေးနိုင်မယ့် JavaScript ရဲ့ အခြေခံအကျဆုံးသဘောတရားတွေကနေစလို့ လက်တွေ့ Project တွေအထိ လိုအပ်တဲ့ နည်းပညာတွေကို သေသေချာချာနဲ့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lessons တွေအပြင် Private Group မှာ နေ့စဉ်ဆွေးနွေးမှုတွေ၊ Discussion Chat နဲ့ Support တွေပါ ပါဝင်တာကြောင့် တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ခံစားချက်မျိုး မရှိဘဲ ပံ့ပိုးမှုအပြည့်နဲ့ သင်ယူနိုင်မှာပါ။

Module Details

⚙️ Module 3: JavaScript (Make It Interactive)

🚀 Web Development လောကထဲ ဝင်ဖို့ စိတ်ကူးနေပြီလား။

Web Development ကို စတင်လေ့လာတော့မယ်ဆိုရင် ဘယ်ကနေစရမှန်းမသိတာ၊ ရှုပ်ထွေးတဲ့ နည်းပညာတွေကြားထဲမှာ လမ်းပျောက်နေတာမျိုး ဖြစ်ဖူးလား။ ဒါမှမဟုတ် လေ့လာရင်းနဲ့ မေးစရာရှိလာရင် ဘယ်သူ့ကိုမေးရမှန်းမသိ၊ အားပေးကူညီမယ့်သူ မရှိတာမျိုးနဲ့ ကြုံနေရပြီလား။ ဒီလို အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် Web Development လောကထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်နိုင်ဖို့အတွက် "Web Development Essentials - JavaScript Course" ကို ဖန်တီးလိုက်ပါပြီ။


ဒီ "Web Development Essentials - JavaScript Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် အကောင်းဆုံးအခြေခံကို တည်ဆောက်ပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ Website တွေကို အသက်ဝင်လှုပ်ရှားစေမယ့်၊ အပြန်အလှန်ဆက်သွယ်မှုတွေ ဖန်တီးပေးနိုင်မယ့် JavaScript ရဲ့ အခြေခံအကျဆုံးသဘောတရားတွေကနေစလို့ လက်တွေ့ Project တွေအထိ လိုအပ်တဲ့ နည်းပညာတွေကို သေသေချာချာနဲ့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lessons တွေအပြင် Private Group မှာ နေ့စဉ်ဆွေးနွေးမှုတွေ၊ Discussion Chat နဲ့ Support တွေပါ ပါဝင်တာကြောင့် တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ခံစားချက်မျိုး မရှိဘဲ ပံ့ပိုးမှုအပြည့်နဲ့ သင်ယူနိုင်မှာပါ။

🎯ဘယ်သူတွေအတွက်လဲ။

ဒီ Course ဟာ နည်းပညာအခြေခံမရှိသေးတဲ့ လုံးဝ Beginner တွေ၊ Web Development ကို စိတ်ဝင်စားပြီး ကိုယ်တိုင် Interactive Website တွေ ဖန်တီးချင်သူတွေ၊ နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကိုယ့်ရဲ့ Skill ကို မြှင့်တင်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

🎓ဘာတွေသင်ယူရမလဲ။

ဒီ Course မှာ JavaScript အခြေခံသာမက၊ Programming သဘောတရားတွေအထိ ပြည့်ပြည့်စုံစုံ သင်ကြားပေးမှာပါ။

  • Introduction To JavaScript: JavaScript ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလဲဆိုတာကနေ စတင်ပါမယ်။

  • Basic JavaScript: JavaScript ရဲ့ အခြေခံ Syntax တွေ၊ Code ရေးနည်းတွေကို လေ့လာရပါမယ်။

  • Variables: အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် Variable တွေ ဘယ်လိုအသုံးပြုရမယ်ဆိုတာ သင်ကြားပေးပါမယ်။

  • Data Types: JavaScript မှာရှိတဲ့ Data Type အမျိုးမျိုး (ဥပမာ- String, Number, Boolean) ကို နားလည်အောင် သင်ယူရပါမယ်။

  • Operators: ဂဏန်းသင်္ချာ တွက်ချက်မှုတွေအတွက် Operator တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ လေ့လာရပါမယ်။

  • Conditional Statement: Program ရဲ့ လုပ်ဆောင်ချက်တွေကို အခြေအနေပေါ်မူတည်ပြီး ဘယ်လိုထိန်းချုပ်မလဲဆိုတာကို Conditional Statement (if/else) တွေနဲ့ သင်ယူရပါမယ်။

  • Loops and Iterations: Code တွေကို အကြိမ်ကြိမ်ပြန်လုပ်ဖို့အတွက် Loop တွေ (for, while) ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Functions: ပြန်လည်အသုံးပြုနိုင်တဲ့ Code Block တွေဖြစ်တဲ့ Function တွေကို ဘယ်လိုရေးရမလဲ၊ ဘယ်လိုခေါ်သုံးရမလဲဆိုတာ လေ့လာရပါမယ်။

  • Arrays: အချက်အလက်အများကြီးကို စုစည်းထားတဲ့ Array တွေအကြောင်းကို လေ့လာရမှာပါ။

    • Array Method: Array တွေကို စီမံခန့်ခွဲရာမှာ အသုံးဝင်တဲ့ Method မျိုးစုံကို သင်ယူရပါမယ်။

    • Destructuring Arrays: Array ထဲက အချက်အလက်တွေကို လွယ်လွယ်ကူကူ ထုတ်ယူနည်းကို လေ့လာရပါမယ်။

  • Objects: အချက်အလက်တွေကို စနစ်တကျသိမ်းဆည်းတဲ့ Object တွေအကြောင်းကို သင်ယူရပါမယ်။

    • Modifying: Object ထဲက အချက်အလက်တွေကို ဘယ်လိုပြင်ဆင်မလဲဆိုတာ သင်ကြားပေးပါမယ်။

    • Looping: Object တွေထဲက အချက်အလက်တွေကို ဘယ်လိုရယူမလဲဆိုတာ လေ့လာရပါမယ်။

    • Destructuring and Spread: Object ထဲက အချက်အလက်တွေကို လွယ်လွယ်ကူကူ ထုတ်ယူနည်းနဲ့ Spread Operator အကြောင်းကို သင်ယူရပါမယ်။

    • JSON: အချက်အလက်ဖလှယ်ရာမှာ အသုံးများတဲ့ JSON Format ကို လေ့လာရပါမယ်။

  • DOM Manipulation: HTML Website ရဲ့ အစိတ်အပိုင်းတွေကို JavaScript နဲ့ ဘယ်လိုထိန်းချုပ်ပြီး ပြောင်းလဲမလဲဆိုတာကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Events: User ရဲ့ လုပ်ဆောင်ချက်တွေ (ဥပမာ- Click နှိပ်တာ၊ Keyboard နှိပ်တာ) ကို JavaScript နဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လေ့လာရပါမယ်။

  • ES6+ Features: JavaScript ရဲ့ နောက်ဆုံးပေါ် Version တွေမှာ ပါဝင်တဲ့ ခေတ်မီ Features တွေအကြောင်းကို သင်ယူရပါမယ်။

🚀Projects

သင်ယူခဲ့တဲ့ Knowledge တွေကို လက်တွေ့အသုံးချနိုင်ဖို့ To-do List AppWeather App နဲ့ Form Validation Project တွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

🚀Bonus Project

အပိုဆောင်းအနေနဲ့ Movie App တစ်ခုကိုလည်း ဖန်တီးရမှာဖြစ်လို့ သင်ယူမှုပြီးဆုံးချိန်မှာ လက်တွေ့ကျတဲ့ Web Application တွေကို ဖန်တီးနိုင်မှာပါ။

📚ဘယ်လိုသင်ယူရမလဲ။

သင်တန်းကို Pre-recorded Video တွေ နဲ့ သင်ကြားပေးသွားမှာ ဖြစ်လို့ ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးစရာရှိတာ၊ ဆွေးနွေးချင်တာတွေအတွက် Private Group မှာ နေ့စဉ် Post တွေ တင်ပြီး ဆွေးနွေးပေးသွားမှာဖြစ်သလို၊ Discussion Chat Group မှာလည်း အချိန်မရွေး မေးမြန်းဆွေးနွေး အကူအညီရယူနိုင်ပါတယ်။ သင်ယူနေစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ဘက်က အမြဲတမ်း Support ပေးသွားမှာပါ

🏆ဘယ်လိုရလာဒ်တွေ ရရှိမလဲ။

ဒီ Course ပြီးဆုံးသွားရင် သင်ဟာ JavaScript ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ Dynamic Website တွေ၊ Interactive Web Application တွေကို ကိုယ်တိုင်တည်ဆောက်နိုင်မှာဖြစ်ပြီး Web Development နယ်ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ နည်းပညာတွေကို ဆက်လက်လေ့လာဖို့ ခိုင်မာတဲ့ အခြေခံတစ်ခုကို ရရှိသွားပါလိမ့်မယ်။ ဒါ့အပြင် သင်ယူထားတဲ့ Knowledge တွေနဲ့ ကိုယ့်ရဲ့ အနာဂတ် Career အတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မှာပါ။


🔥 သင်ယူမှုခရီးလမ်းကို စတင်ဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ။

Coming Soon
Enrollment Soon

Feel confident, and gain industry-relevant skills to advance your career.

Lifetime access
in-depth lessons
Community support

Meet Your Instructor

TH

Thura

ပညာရေးနယ်ပယ်နှင့် နည်းပညာလုပ်ငန်း နယ်ပယ်နှစ်ခုလုံးတွင် လုပ်ကိုင်နေသော IT အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ IT အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် Development နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းအတွေ့အကြုံ လေးနှစ်ကျော်ရှိခဲ့ပြီးနောက် ‘Code with Thura’ ကို စတင်ခဲ့သည်။ လက်ရှိတွင် နည်းပညာနယ်ပယ်၌ Researcher တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး Development Project များ၊ သင်ကြားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။