Beginner Web Development Essentials - Complete Phase 1

HTML, CSS နဲ့ JavaScript အခြေခံသုံးမျိုးကို လက်တွေ့ကျကျ အစအဆုံး သင်ကြားပေးမှာပါ။ ဒီသင်တန်းပြီးရင် ကိုယ်ပိုင် Website တွေ ဖန်တီးနိုင်ပြီး နောက်ကွယ်က နည်းပညာတွေကိုလည်း အပြည်အဝ နားလည်သွားပါလိမ့်မယ်။

22 hours
64 lessons
BEGINNER
Beginner Web Development Essentials - Complete Phase 1

Overview

ဒီ "Web Development Essentials - HTML, CSS & JavaScript Course" ဟာ Web Development လောကရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးမယ့် Course တစ်ခု ဖြစ်ပါတယ်။ Website တွေရဲ့ ကျောရိုးဖြစ်တဲ့ HTML၊ ဒီဇိုင်းပိုင်းဖြစ်တဲ့ CSS နဲ့ အသက်သွေးကြောဖြစ်တဲ့ JavaScript တို့ကို သီအိုရီရော၊ လက်တွေ့ပါ စနစ်တကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lesson တွေနဲ့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း သင်ယူနိုင်သလို၊ Private Group မှာ နေ့စဉ် မေးမြန်းဆွေးနွေး အဖြေရှာနိုင်ပြီး၊ Discussion Chat နဲ့ အချိန်ပြည့် Support တွေပါ ပါဝင်တာကြောင့် ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပိုင်ဆိုင်ရမှာပါ။ အစကနေ အဆုံးထိ လက်တွဲခေါ်သွားမှာဖြစ်လို့ Web Development နဲ့ ပတ်သက်တဲ့ ဗဟုသုတအနည်းငယ်ရှိရုံနဲ့လည်း စတင်နိုင်ပါတယ်။

Module Details

🎓Beginner Web Development Essentials - Complete Phase 1

‼️Web Development ကို စိတ်ဝင်စားပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေလား။

ခေတ်ပေါ် Website တွေ၊ အမိုက်စား Application တွေကို ကိုယ်တိုင်ဖန်တီးချင်တဲ့ စိတ်ကူးရှိပေမယ့် နည်းပညာတွေက ရှုပ်ထွေးလွန်းလို့ စိတ်ဓာတ်ကျနေပြီလား။ Online မှာ သင်တန်းတွေ အများကြီးရှိပေမယ့် ဘယ်ဟာက အသင့်တော်ဆုံးလဲဆိုတာ ရွေးရခက်နေတာ၊ သင်ယူရင်းနဲ့ မေးစရာရှိလာရင် ဘယ်သူ့ကိုမှ မမေးရဲတာ၊ အားပေးကူညီမယ့်သူ မရှိတာမျိုးနဲ့ တစ်ယောက်တည်း လမ်းပျောက်နေရသလို ခံစားနေရပြီလား။ ဒီလို အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် Web Development လောကထဲကို ရဲရဲဝံ့ဝံ့ ဝင်ရောက်နိုင်ဖို့ "Web Development Essentials - HTML, CSS & JavaScript Course" ကို ဂရုတစိုက် ဖန်တီးပေးလိုက်ပါပြီ။


ဒီ "Web Development Essentials - Complete Phase 1" ဟာ Web Development လောကရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးမယ့် ပြီးပြည့်စုံတဲ့ Course တစ်ခု ဖြစ်ပါတယ်။ Website တွေရဲ့ ကျောရိုးဖြစ်တဲ့ HTML၊ ဒီဇိုင်းပိုင်းဖြစ်တဲ့ CSS နဲ့ အသက်သွေးကြောဖြစ်တဲ့ JavaScript တို့ကို သီအိုရီရော၊ လက်တွေ့ပါ စနစ်တကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lesson တွေနဲ့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း သင်ယူနိုင်သလို၊ Private Group မှာ နေ့စဉ် မေးမြန်းဆွေးနွေး အဖြေရှာနိုင်ပြီး၊ Discussion Chat နဲ့ အချိန်ပြည့် Support တွေပါ ပါဝင်တာကြောင့် ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပိုင်ဆိုင်ရမှာပါ။ အစကနေ အဆုံးထိ လက်တွဲခေါ်သွားမှာဖြစ်လို့ Web Development နဲ့ ပတ်သက်တဲ့ ဗဟုသုတအနည်းငယ်ရှိရုံနဲ့လည်း စတင်နိုင်ပါတယ်။

✅ဘယ်သူတွေအတွက် အကောင်းဆုံးလဲ။

  • နည်းပညာအခြေခံလုံးဝမရှိဘဲ Web Development ကို စိတ်ဝင်စားသူများ။

  • ကိုယ်ပိုင် Website တွေ၊ Web Application တွေ ဖန်တီးလိုသူများ။

  • Digital နယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေနေသူများ။

  • လက်ရှိ Skill ကို မြှင့်တင်ပြီး ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေကို လေ့လာလိုသူများ။

📚ဘာတွေ သင်ယူရမလဲ။

ဒီ Course ဟာ HTML, CSS, JavaScript သုံးခုစလုံးကို အသေးစိတ် သင်ကြားပေးမှာပါ။

HTML (Website တွေရဲ့ အခြေခံကျောရိုး)

  • HTML မိတ်ဆက်: Website ရဲ့ အခြေခံတည်ဆောက်ပုံ ဘယ်ကလာသလဲ၊ ဘာကြောင့်အရေးကြီးလဲ။

  • အခြေခံတည်ဆောက်ပုံ: HTML Tags တွေ၊ စာသားတွေ၊ ခေါင်းစဉ်တွေ ပုံစံချနည်း။

  • ချိတ်ဆက်မှုနှင့် ပုံများ: Website တွေရဲ့ မရှိမဖြစ်လိုအပ်တဲ့ Link တွေ၊ ပုံတွေ ထည့်သွင်းအသုံးပြုနည်း။

  • List နှင့် Table များ: အချက်အလက်တွေကို စနစ်တကျနဲ့ လှပအောင် စီစဉ်ပြသနည်း။

  • Forms: User တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်မယ့် Form တွေ ဖန်တီးနည်း၊ အချက်အလက်လက်ခံခြင်း။

  • Semantic HTML: Search Engine တွေ နားလည်လွယ်ပြီး စနစ်ကျတဲ့ Website ဖွဲ့စည်းပုံ။ (Project ပါဝင်)

  • Document Object Model (DOM): Website ရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်မယ့် DOM ရဲ့ သဘောတရားတွေ။

  • Multimedia: Video, Audio စတာတွေ Website ထဲ ထည့်သွင်းနည်း။

  • Meta Tags: Website ကို Google မှာ ပိုမိုမြင်သာအောင် လုပ်ဆောင်နည်း။


CSS (Website တွေရဲ့ အသွင်ပြင်ဒီဇိုင်း)

  • CSS မိတ်ဆက်: Website တွေကို ဘယ်လိုအသက်ဝင်အောင် အလှဆင်မလဲ။

  • Selectors များ: Website အစိတ်အပိုင်းတွေကို ရွေးချယ်ပြီး အရောင်ခြယ်နည်း။

  • Units များ: Pixel, Percentage စတဲ့ ယူနစ်များ။

  • စာသားနှင့် Font များ: Website စာသားတွေကို လှပအောင် ဒီဇိုင်းဆွဲခြင်း။

  • အရောင်နှင့် နောက်ခံ: Website ကို ဆွဲဆောင်မှုရှိတဲ့ အရောင်နဲ့ နောက်ခံများဖြင့် ပုံဖော်ခြင်း။

  • Element နေရာချထားခြင်း (Positioning): Website ပေါ်က အစိတ်အပိုင်းတွေကို ကိုယ်လိုချင်တဲ့နေရာမှာ တိကျစွာ နေရာချနည်း။

  • Box Model: Website အစိတ်အပိုင်းတိုင်းမှာ ရှိတဲ့ Margin, Border, Padding တို့ရဲ့ လျှို့ဝှက်ချက်များ။

  • Flexbox: Website Layout တွေကို လွယ်လွယ်ကူကူ စနစ်တကျ စီစဉ်ခြင်း။

  • Grid: ပိုမိုရှုပ်ထွေးတဲ့ Website Layout တွေကို ဖန်တီးခြင်း။

  • Transitions and Animations: Website ကို အသက်ဝင်လှုပ်ရှားတဲ့ အသွင်ဆောင်စေခြင်း။

  • Responsive Design: ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အားလုံးမှာ အဆင်ပြေပြေ မြင်တွေ့နိုင်မယ့် Website တွေ ဖန်တီးနည်း။

JavaScript (Website တွေရဲ့ အသက်သွေးကြော)

  • Introduction To JavaScript: JavaScript ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလဲဆိုတာကနေ စတင်ပါမယ်။

  • Basic JavaScript: JavaScript ရဲ့ အခြေခံ Syntax တွေ၊ Code ရေးနည်းတွေကို လေ့လာရပါမယ်။

  • Variables: အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် Variable တွေ ဘယ်လိုအသုံးပြုရမယ်ဆိုတာ သင်ကြားပေးပါမယ်။

  • Data Types: JavaScript မှာရှိတဲ့ Data Type အမျိုးမျိုး (ဥပမာ- String, Number, Boolean) ကို နားလည်အောင် သင်ယူရပါမယ်။

  • Operators: ဂဏန်းသင်္ချာနဲ့ ယုတ္တိဗေဒဆိုင်ရာ တွက်ချက်မှုတွေအတွက် Operator တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ လေ့လာရပါမယ်။

  • Conditional Statement: Program ရဲ့ လုပ်ဆောင်ချက်တွေကို အခြေအနေပေါ်မူတည်ပြီး ဘယ်လိုထိန်းချုပ်မလဲဆိုတာကို Conditional Statement (if/else) တွေနဲ့ သင်ယူရပါမယ်။

  • Loops and Iterations: Code တွေကို အကြိမ်ကြိမ်ပြန်လုပ်ဖို့အတွက် Loop တွေ (for, while) ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Functions: ပြန်လည်အသုံးပြုနိုင်တဲ့ Code Block တွေဖြစ်တဲ့ Function တွေကို ဘယ်လိုရေးရမလဲ၊ ဘယ်လိုခေါ်သုံးရမလဲဆိုတာ လေ့လာရပါမယ်။

  • Arrays: အချက်အလက်အများကြီးကို စုစည်းထားတဲ့ Arrays တွေအကြောင်းကို လေ့လာရမှာပါ။

  • Objects: အချက်အလက်တွေကို စနစ်တကျသိမ်းဆည်းတဲ့ Object တွေအကြောင်းကို သင်ယူရပါမယ်။

  • DOM Manipulation: HTML Website ရဲ့ အစိတ်အပိုင်းတွေကို JavaScript နဲ့ ဘယ်လိုထိန်းချုပ်ပြီး ပြောင်းလဲမလဲဆိုတာကို နားလည်အောင် သင်ကြားပေးပါမယ်။

  • Events: User ရဲ့ လုပ်ဆောင်ချက်တွေ (ဥပမာ- Click နှိပ်တာ၊ Keyboard နှိပ်တာ) ကို JavaScript နဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လေ့လာရပါမယ်။

  • ES6+ Features: JavaScript ရဲ့ နောက်ဆုံးပေါ် Version တွေမှာ ပါဝင်တဲ့ ခေတ်မီ Features တွေအကြောင်းကို သင်ယူရပါမယ်။

🚀Projects

သင်ယူခဲ့တဲ့ Knowledge တွေကို လက်တွေ့အသုံးချနိုင်ဖို့ Portfolio WebsiteShopping WebsiteTo-do List AppWeather App နဲ့ Form Validation Project တွေကို ကိုယ်တိုင်ဖန်တီးရမှာပါ။ ဒါ့အပြင် Bonus Movie App Project တစ်ခုကိုပါ ထပ်မံလုပ်ဆောင်ရမှာဖြစ်လို့ သင်တန်းပြီးဆုံးချိန်မှာ တကယ့် Website တွေ၊ Application တွေကို ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်နိုင်ပြီ ဖြစ်ပါလိမ့်မယ်။

🧠ဘယ်လို သင်ယူရမလဲ။

သင်တန်းကို Pre-recorded Video Lessons တွေနဲ့ သင်ကြားပေးသွားမှာပါ။ ဒါကြောင့် ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြည့်ရှုလေ့လာနိုင်ပြီး သင်ခန်းစာတွေကို အကြိမ်ကြိမ် ပြန်ကြည့်နိုင်ပါတယ်။ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး နားမလည်တာ၊ မေးစရာရှိတာတွေအတွက် Private Group မှာ နေ့စဉ် Post တွေ တင်ပြီး ဆွေးနွေးပေးသွားမှာဖြစ်သလို၊ Discussion Chat Group မှာလည်း အချိန်မရွေး မေးမြန်းဆွေးနွေး အကူအညီရယူနိုင်ပါတယ်။ သင်ယူမှုခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ဘက်က အမြဲတမ်း နွေးထွေးတဲ့ Support တွေ ပေးသွားမှာပါ။ ဒါကြောင့် တစ်ယောက်တည်း ရုန်းကန်နေရတယ်လို့ ဘယ်တော့မှ ခံစားရမှာ မဟုတ်ပါဘူး။

🏆ဘယ်လိုရလာဒ်တွေ ရရှိမလဲ။

ဒီ Course ပြီးဆုံးသွားရင် သင်ဟာ Web Development အတွက် မရှိမဖြစ်လိုအပ်တဲ့ HTML, CSS နဲ့ JavaScript ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကိုယ်ပိုင် Website တွေ၊ Interactive Web Application တွေကို အစကနေ အဆုံးထိ ကိုယ်တိုင်တည်ဆောက်နိုင်မှာပါ။ ဒါဟာ Web Development လောကမှာ ပိုမိုနက်ရှိုင်းတဲ့ နည်းပညာတွေ (ဥပမာ- React, Node.js) ကို ဆက်လက်လေ့လာဖို့အတွက် အကောင်းဆုံး၊ အခိုင်မာဆုံး အခြေခံတစ်ခုကို တည်ဆောက်ပြီးသား ဖြစ်နေပါလိမ့်မယ်။ အနာဂတ်မှာ နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေဖို့၊ ဒါမှမဟုတ် ကိုယ်ပိုင် Project တွေ ဖန်တီးဖို့အတွက် လိုအပ်တဲ့ Skill တွေကို ဒီ Course ကနေ အပြည့်အဝ ရရှိသွားမှာပါ။


🔥Web Developer တစ်ယောက်ဖြစ်ဖို့ သင့်ရဲ့ စိတ်ကူးကို အခုပဲ အကောင်အထည်ဖော်လိုက်ပါ။

ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး အောင်မြင်မှုကို ဖန်တီးလိုက်ပါ။

Coming Soon
Enrollment Soon

Feel confident, and gain industry-relevant skills to advance your career.

Lifetime access
64 in-depth lessons
Community support

Meet Your Instructor

TH

Thura

ပညာရေးနယ်ပယ်နှင့် နည်းပညာလုပ်ငန်း နယ်ပယ်နှစ်ခုလုံးတွင် လုပ်ကိုင်နေသော IT အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ IT အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် Development နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းအတွေ့အကြုံ လေးနှစ်ကျော်ရှိခဲ့ပြီးနောက် ‘Code with Thura’ ကို စတင်ခဲ့သည်။ လက်ရှိတွင် နည်းပညာနယ်ပယ်၌ Researcher တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး Development Project များ၊ သင်ကြားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။