Web Development လောကထဲ ဝင်ဖို့ စိတ်ကူးနေပြီလား။ ဒီ "HTML Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် HTML ရဲ့ အခြေခံတွေကို လက်တွေ့ပရောဂျက်တွေနဲ့ တဆင့်ချင်း သင်ကြားရမယ့် Course တစ်ခုဖြစ်ပါတယ်။
🚀 Web Development လောကထဲ ဝင်ဖို့ စိတ်ကူးနေပြီလား။
Web Development ကို စတင်လေ့လာတော့မယ်ဆိုရင် ဘယ်ကနေစရမှန်းမသိတာ၊ ရှုပ်ထွေးတဲ့ နည်းပညာတွေကြားထဲမှာ လမ်းပျောက်နေတာမျိုး ဖြစ်ဖူးလား။ ဒါမှမဟုတ် လေ့လာရင်းနဲ့ မေးစရာရှိလာရင် ဘယ်သူ့ကိုမေးရမှန်းမသိ၊ အားပေးကူညီမယ့်သူ မရှိတာမျိုးနဲ့ ကြုံနေရပြီလား။ ဒီလို အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် Web Development လောကထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်နိုင်ဖို့အတွက် "Web Development Essentials - HTML Course" ကို ဖန်တီးလိုက်ပါပြီ။
ဒီ "Web Development Essentials - HTML Course" ဟာ Web Development လောကထဲကို စတင်ခြေလှမ်းချမယ့်သူတွေအတွက် အကောင်းဆုံးအခြေခံကို တည်ဆောက်ပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ HTML ရဲ့ အခြေခံအကျဆုံးသဘောတရားတွေကနေစလို့ Website တစ်ခုကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့အထိ လိုအပ်တဲ့ နည်းပညာတွေကို သေသေချာချာနဲ့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။ Pre-recorded Video Lessons တွေအပြင် Private Group မှာ နေ့စဉ်ဆွေးနွေးမှုတွေ၊ Discussion Chat နဲ့ Support တွေပါ ပါဝင်တာကြောင့် တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ခံစားချက်မျိုး မရှိဘဲ ပံ့ပိုးမှုအပြည့်နဲ့ သင်ယူနိုင်မှာပါ။
ဒီ Course ဟာ နည်းပညာအခြေခံမရှိသေးတဲ့ လုံးဝ Beginner တွေ၊ Web Development ကို စိတ်ဝင်စားပြီး ကိုယ်တိုင် Website တွေ ဖန်တီးချင်သူတွေ၊ နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူတွေနဲ့ ကိုယ့်ရဲ့ Skill ကို မြှင့်တင်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။
ဒီ Course မှာ HTML ရဲ့ အခြေခံကနေ အဆင့်မြင့်အထိ ပြည့်ပြည့်စုံစုံ သင်ကြားပေးမှာပါ။
HTML Introduction: HTML ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလဲဆိုတာကနေ စတင်ပါမယ်။
Basic Structure of HTML: HTML Tags တွေ၊ စာသားတွေကို ပုံစံအမျိုးမျိုး ပြင်ဆင်နည်းတွေ အပါအဝင် HTML ရဲ့ အခြေခံတည်ဆောက်ပုံကို နားလည်အောင် သင်ကြားပေးပါမယ်။
Working with Links and Images: Website တွေမှာ မရှိမဖြစ်လိုအပ်တဲ့ Link တွေ၊ ပုံတွေ ထည့်သွင်းအသုံးပြုနည်းတွေကို လေ့လာရပါမယ်။
Lists and Tables: Ordered, Unordered, Nested List တွေ၊ Description List တွေနဲ့ Line Break, Horizontal Rule တွေကို အသုံးပြုပြီး အချက်အလက်တွေကို စနစ်တကျ ပြသနည်းတွေ၊ Table တွေ ဖန်တီးနည်းတွေကို အသေးစိတ် သင်ကြားပေးပါမယ်။
Forms: Website တွေမှာ အသုံးပြုသူနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ အရေးပါတဲ့ Form တွေ၊ Form Elements တွေ၊ Submission နဲ့ Validation လုပ်နည်းတွေကို လက်တွေ့ကျကျ လေ့လာရပါမယ်။
Semantic HTML: Website တွေရဲ့ တည်ဆောက်ပုံကို ပိုမိုရှင်းလင်းတိကျစေမယ့် Semantic HTML ကို နားလည်သဘောပေါက်ပြီး Project တစ်ခုနဲ့ပါ လက်တွေ့လုပ်ဆောင်ရမှာပါ။
Document Object Model (DOM): Website ရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်မယ့် DOM ရဲ့ သဘောတရားတွေကို လေ့လာရပါမယ်။
Multimedia: Video, Audio စတဲ့ Multimedia တွေကို Website ထဲ ထည့်သွင်းနည်းတွေ သင်ယူရပါမယ်။
Meta Tags: Search Engine Optimization (SEO) အတွက် အရေးပါတဲ့ Meta Tags တွေ၊ Viewport စနစ်တွေကိုလည်း နားလည်အောင် သင်ကြားပေးပါမယ်။
သင်တန်းကို Pre-recorded Video တွေ နဲ့ သင်ကြားပေးသွားမှာ ဖြစ်လို့ ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးစရာရှိတာ၊ ဆွေးနွေးချင်တာတွေအတွက် Private Group မှာ နေ့စဉ် Post တွေ တင်ပြီး ဆွေးနွေးပေးသွားမှာဖြစ်သလို၊ Discussion Chat Group မှာလည်း အချိန်မရွေး မေးမြန်းဆွေးနွေး အကူအညီရယူနိုင်ပါတယ်။ သင်ယူနေစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ဘက်က အမြဲတမ်း Support ပေးသွားမှာပါ။
ဒီ Course ပြီးဆုံးသွားရင် သင်ဟာ HTML ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကိုယ်ပိုင် Website တွေကို အခြေခံကျကျ တည်ဆောက်နိုင်မှာဖြစ်ပြီး Web Development နယ်ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ နည်းပညာတွေကို ဆက်လက်လေ့လာဖို့ ခိုင်မာတဲ့ အခြေခံတစ်ခုကို ရရှိသွားပါလိမ့်မယ်။ ဒါ့အပြင် သင်ယူထားတဲ့ Knowledge တွေနဲ့ ကိုယ့်ရဲ့ အနာဂတ် Career အတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မှာ သေချာပါတယ်။
🔥သင်ယူမှုခရီးလမ်းကို စတင်ဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ။
Feel confident, and gain industry-relevant skills to advance your career.
ပညာရေးနယ်ပယ်နှင့် နည်းပညာလုပ်ငန်း နယ်ပယ်နှစ်ခုလုံးတွင် လုပ်ကိုင်နေသော IT အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ IT အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် Development နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းအတွေ့အကြုံ လေးနှစ်ကျော်ရှိခဲ့ပြီးနောက် ‘Code with Thura’ ကို စတင်ခဲ့သည်။ လက်ရှိတွင် နည်းပညာနယ်ပယ်၌ Researcher တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး Development Project များ၊ သင်ကြားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။